Earworm … Earworm … Earworm
စိတ်စွဲကြားယောင်နေတဲ့ သီချင်းတစ်ပုဒ်ကို ဆိုညည်းဖို့ပါတဲ့။ မမမီက တဂ်ထားပါတယ်။ ခုလောလောဆယ် စိတ်ထဲစွဲနေတဲ့ ကြိုက်မိနေတဲ့ သီချင်းတစ်ပုဒ်ကိုပြောရမယ်ဆိုရင်တော့ Kansas အဖွဲ့ရဲ့ Dust in the wind သီချင်းပါ။ ၁၉၇၈ ခုနှစ်မှာ နာမည်ကြီးခဲ့တဲ့ သူတို့ရဲ့ သီချင်းက ခုထက်ထိလည်း စွဲဆောင်မှုရှိနေတုန်းပဲဆိုတာ နားထောင်ကြည့်ရင် သိနိုင်ပါတယ်။ အဲဒီ သီချင်းထဲမှာ ဘယ်အရာကမှ မတည်မြဲတဲ့ သဘော၊ အားလုံးက လေထဲက ဖုန်မှုန့်လေးတွေလိုပဲ ပျောက်ကွယ်သွားရမှာပဲဆိုတာလေးကို သဘောကျမိတယ်။ လူတွေအားလုံး အတ္တတွေ မာနတွေနဲ့ ပူလောင်နေမယ့်အစား အားလုံးက သိပ်မကြာခင်မှာပဲ ဒီကမ္ဘာလောကကနေ ပျောက်ကွယ်သွားကြမယ့် လူတွေကြီးပဲဆိုတာလေး နှလုံးသွင်းထားကြရင် သိပ်ကောင်းမှာလို့တွေးမိတယ်။ တည်မြဲတယ်လို့ ဘယ်အရာမှမရှိတဲ့လောကမှာ ဘာလို့များ တစ်ယောက်နဲ့တစ်ယောက် ရန်စောင်နေကြမလဲ။ အားလုံး ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်သွားနိုင်ကြရင် အေးချမ်းမနေဘူးလား။ စစ်ပွဲဆိုတာတွေလည်း ဖြစ်လာနိုင်မှာ မဟုတ်သလို ရန်ပွဲဆိုတာတွေလည်း တွေ့နိုင်မှာမဟုတ်ဘူး။ အေးချမ်းအောင်နေတတ်ရင် အေးချမ်းပါတယ်။ ပူလောင်အောင် နေတတ်ရင်ပူလောင်ပါတယ်။ အဲဒီသီချင်းထဲမှာပါတဲ့ စာသားတွေအားလုံးကို နှစ်သက်မိတယ်။ တီးလုံးအေးအေးလေးတွေကို ကြိုက်တတ်တဲ့သူမို့လို့ သူ့ရဲ့နောက်ခံတီးလုံး ချိုနွဲ့နွဲ့လေးကိုလည်း သဘောကျမိတယ်။ နားထောင်ကြည့်လိုက်ပါဦး…..
ဒါကတော့ youtube ကလင့်လေးပါ
Dust In The Wind
I close my eyes
Only for a moment and the moment’s gone
All my dreams
Pass before my eyes with curiosity
Dust in the wind
All they are is dust in the wind
Same old song
Just a drop of water in an endless sea
All we do
Crumbles to the ground, though we refuse to see
(Aa aa aa)
Dust in the wind
All we are is dust in the wind
Oh, ho, ho
Now don’t hang on
Nothin’ last forever but the earth and sky
It slips away
And all your money won’t another minute buy
Dust in the wind
All we are is dust in the wind
(All we are is dust in the wind)
Dust in the wind
(Everything is dust in the wind)
Everything is dust in the wind
(In the wind)
(Ooo)
(Ooo)
(Ooo)
P.S : Lyrics ကိုတော့ http://www.metrolyrics.com/dust-in-the-wind-lyrics-kansas.html မှ ကူးယူဖော်ပြပါသည်။
စကားမစပ်… (မ)ဝိုင်း tag ထားတဲ့ W for Wailay ဆိုတာကိုလည်း ရေးပေးပါမယ်နော်။ အလှည့်ကျော်တယ်မထင်ပါနဲ့..






October 14th, 2009 at 4:46 pm
Dust in the wind.. နားထောင်သွား၏..
October 14th, 2009 at 4:49 pm
သီချင်းလေးနားထောင်သွားပါတယ်။ အင်း …. တော်သေးတယ် ၀ိုင်းရဲ့ တက်ဂ်လေး မမေ့သေးလို့ တခါတည်း အင်္ဂလိပ်လိုရော မြန်မာလိုပါ နှစ်မျိုးရေးပေးနော်
ရေးပေးမယ်ဟုတ် ရေးမှာပါ….အဲ့ဒါလေးတွေကြောင့် ချစ်နေရတာ :)))
October 14th, 2009 at 4:55 pm
သီချင်းနားထောင်သွားတယ် ဝေလေးရေ…သားငယ်လေးကလည်း အနားရောက်လာတယ်…ဒီသံစဉ်နဲ့ ဒီမိုကရေစီသီချင်း သူရင်းနှီးတယ်လေ…
October 14th, 2009 at 6:35 pm
သီချင်းလေးလာနားထောင်သွားပါတယ် ညီမလေးရေ။ မမလည်း ပျင်းနေတာ ဘယ်မှ မရောက်။
ညီမလေးကျန်းမာပျော်ရွှင်ပါစေ။
October 14th, 2009 at 8:06 pm
ဒီသီချင်းလား…. :P.. အမှန်တော့မမပြောထားတာဖတ်တာရော စာသားတွေအကုန်ဖတ်ပြီးတဲ့အထိတောင် ဘာမှန်းသိတာမဟုတ်ဘူး… သီချင်းနားထောင်ကြည့်မှ သြော်.. ကြားဖူးသားပဲဆိုပြီး……
October 14th, 2009 at 11:52 pm
မအားတဲ့ကြားက ရေးပေးတာ ကျေးဇူးအများကြီးတင်တယ် ညီမဝေလေး..
သီချင်းလေးက သံစဉ်ရော စာသားပါ သေချာအားထုတ်ရေးဖွဲ့ထားပုံပဲ..
ခုတစ်ခါ Tag လုပ်ရတာ တကယ်ပျော်ဖို့ကောင်းတယ်.. သီချင်းကောင်းလေးတွေအကြောင်း သိရတယ်..
October 23rd, 2009 at 12:31 pm
ညီမရေ့ အစ်ကိုတော့ အရိုးရဲ့ သီချင်းတစ်ပုဒ်ကို ကြားယောင်နေမိတယ် ဟိဟိ “ငါ့ခြံထဲမှာ ဥ တဲ့ ဥ ငါ့ကြက်မရဲ့ ဥ “ တဲ့း) ညီမ ကြိုက်တဲ့ သီချင်းလေးတော့ နာထောင်ချင်မိပါရဲ့ ဒါပေမယ့် သိတယ်ဟုတ် ……………
November 7th, 2009 at 1:43 pm
ဒီသီချင်းကို့  Kansas အဖွဲ့ရဲ့ သီချင်းမှန်းအစက မသိဘူးဗျ၊ Scorpions တွေ ဆိုထားတာပဲ ကြားဖူးတော့ သူတို့အဖွဲ့ရဲ့ သီချင်းမှတ်နေတာ….။ ကြိုက်မိနေတာကတော့ ကြာပါပြီ။
BigBag ရဲ့ သီချင်းတစ်ပုဒ်မှာတောင် ဒီသီချင်းခေါင်းစဉ်ကို ထည့်ဆိုဖူးတာ တွေ့ရပါတယ်။
“Dust in the wind” သီချင်းကို ညည်းကာဆို….. … အာဒီယို…….
ကျေးဇူးပါ…. ဖြစ်နိုင်ရင် Kansas အဖွဲ့ရဲ့ မူရင်းသီချင်းလေး ရမယ်ဆို လိုချင်ပါတယ်ဗျာ…