ခုတစ်လော…
မျက်လုံးတွေလဲ ဝေဝါးလို့
အမြင်တွေကပဲ မကြည်လင်တာလား
အာရုံတွေကပဲ ပုံမလာတာလား
သေချာတာတော့…
ပုံရိပ်တွေ မပြတ်သားဘူး။
ခုတစ်လော…
အိပ်မက်တွေကလည်း ဖောက်ပြားလို့
စိတ်ကူးတွေကပဲ မှောက်မှားသလား
အတွေးတွေကပဲ ခြောက်ခြားသလား
သေချာတာတော့..
ခုတစ်လော…
November 25th, 2009





November 27th, 2009 at 12:20 am
အင်း…..
အသက်ကစကားပြောလာပြီဆိုတော့……….ေ၀၀ါးဝါးပေါ့…
November 27th, 2009 at 2:12 pm
ဒါဆိုရင် ခုတလော တရားထိုင်ကြည့်လိုက်….
December 1st, 2009 at 11:16 am
ခုတစ်လော ဒီကောင်မလေး အိပ်ရေးမ၀လို့ဖြစ်မယ်း) ဒါမှမဟုတ် အဆက်ဟောင်းလေးကိုများ လွမ်းနေလို့လားဗျ
December 2nd, 2009 at 7:41 pm
သေချာတာက မျက်စိသွားစမ်း အိပ်ဆေးသောက်အိပ်..
နောက်တာနော်..
ဘာတွေဖြစ်နေလဲ နာ့အစ်မ
December 22nd, 2009 at 11:47 am
မမ နေမကောင်းဖူးလားဟင်.. O_O
December 23rd, 2009 at 10:46 am
>ကိုဝေးလွင့်ခြင်း… ဟုတ်တယ် အသက်ကလေးရလာတော့ ဒီလိုပဲ..
>ကိုအချစ်မဲ့ဂစ်တာ.. ဟုတ်.။ ဟုတ် လို့သာပြောတာပါ.. ဟဲဟဲ
>အစ်ကိုတော်.. အဟမ်း အဟမ်း.. ရှေ့ကခန့်မှန်းချက်မှန်တယ်..
>နေ့အိပ်မက်.. မျက်စိကသွားစမ်းပြီးပြီ။ မျက်မှန်မလဲရသေးလို့..
>ကလေးငယ်လေး… နေကောင်းတယ်ညီမလေးရေ။ အစ်မက အဲလိုပဲ စိတ်ထဲရှိတဲ့ပေါက်ကရတွေ ဘလော့ပေါ်လာလာတင်တာ .. ဟီးး
January 29th, 2010 at 1:12 am
အခုတလော
အရူးတစ်ယောက် အရူးထလို့
ဘ၀တခုလုံးကို သွန်ချ
စွန်းထင်းမှုတွေကို ဆေးကြော
အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့
ထွက်လာလိုက်တယ်။